iOS 13 မှာပါဝင်လာတယ့် Optimized Battery Charging Feature အကြောင်း


iOS 13 မှာပါဝင်လာတယ့်Feature အသစ်တွေထဲကမှOptimized Battery Charging အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီFeature ဟာiPhone ရဲ့Battery Performance လျော့ကျလာမှုကိုထိန်းသိမ်းပေးပီးစွမ်းဆောင်ရည်တိုးတက်ကောင်းမွန်လာစေရန်ရည်ရွယ်၍ထည့်သွင်းပေးလာတာဖြစ်ပါတယ်။

ယခင်Apple မှiPhone Battery Performance လျော့ကျမှုကိုတမင်တကာပြုလုပ်သည်ဟုဆိုကာတရားစွဲခံရပီးနောက်ပိုင်းiPhone Battery Performance တိုးတက်ကောင်းမွန်လာအောင်Feature အသစ်များနဲ့ပေါင်းစပ်ကာBattery Performance လျော့ကျမှုကိုထိန်းသိမ်းလာပါတော့တယ်။

Battery Health အောက်နားမှာOptimize Battery Charging ဆိုတဲ့toggle လေးပါဝင်လာမှာပါ.. အဲ့တာလေးကဘယ်လိုအလုပ်လုပ်သလဲဆိုတော့သင်တညလုံးအားသွင်းတတ်လားဆိုတာကိုအရင်ဆုံးသိအောင်လုပ်မှာပါ.. ဥပမာပြောရရင်သင်ကည၁၂နာရီမှာအားသွင်းအိပ်သွားတတ်ပြီးမနက်၈နာရီမှာထတယ်ဆိုရင်သူက80% ထိအရင်အားသွင်းလိုက်မှာပါ80% ပြည့်တာနဲ့ရပ်ထားမှာဖြစ်ပြီးသင်မထခင်၂နာရီအလိုမနက်၆နာရီကျမှ100% ထိအားဆက်သွင်းမှာပါ.. အဲ့တော့deep charge state မဖြစ်တော့ပဲbattery သက်တမ်းပိုခံမှာပဲဖြစ်ပါတယ်။

ထိုFeature ကိုအသုံးပြုမယ်ဆိုရင်တော့Setting – Battery – Optimized Battery Charging ကိုဖွင့်ထားလိုက်ရုံပါပဲ။

ယခင်ကသိထားတယ့်အတိုင်းiPhone Battery ကိုတစ်ညလုံးသွင်းထားတာဟာPhone ကိုမထိခိုက်ပေမယ့်Battery Performance ကိုလျော့ကျစေပါတယ်

Comments